MAPCO

  • Integrated Rice Complex Project - IRCP

    Integrated Rice Complex Project - IRCP

    This project concept aims to establish a unique introduction of multi-dimensional, multi-faceted value addition to rice production and rice value chain. In a normal rice mill, rice is milled and processed by purchasing paddy from farmers. So, consistency of grain quality as well as food safety and traceability aspects are neglected.

    Under the IRCP Concept, which is very much different from conventional and traditional rice mill, MAPCO collaborates with farmers to obtain the stable supply of consistent quality paddy under Contract Farming Scheme which includes providing (1) the right quality seed to farmers, (2) the right technology and good agriculture practices, (3) the right crop protection and agrochemical fertilizer and (4) the required working capital for farmers. Besides, MAPCO provides farm mechanization services such as tractor and combine harvester rental service.

    Read More
  • 1
  • 2

Myanmar Rice Bran Oil Company Limited (MRBO)

 Myanmar Rice Bran Oil Company Limited (MRBO)  

လုပ်ငန်းအကျဥ်းချုပ်

ဆန်စပါးလုပ်ငန်း၏ ဘေးထွက်ပစ္စည်းဖြစ်သော ဖွဲနုမှ စားသုံးဆီထုတ်လုပ်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)၏ လမ်းညွှန်မူဖြင့် MAPCO အနေဖြင့် ၂၀၂၄ ခုကတည်းက လေ့လာသုံးသပ် ပြင်ဆင်ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ နိူင်ငံတော်အစိုးရနှင့် မြန်မာနနိုင်ငံဆန်စပါးအသင်းချုပ် (MRF) အားပေးကူညီမှုဖြင့် သီးခြားကုမ္ပဏီဖြစ်သော Myanmar Rice Bran Oil Co., Ltd (MROB)အားဖွဲ့စည်းထူထောင်ပြီး နေပြည်တော် (ပြည်ထောင်စု နယ်မြေ) အတွင်း ပျဥ်းမနားမြို့နယ် မယ်ဇလီကုန်းကျေးရွာအုပ်စုတွင် ဖွဲနုနှင့်စားသုံးဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းအား ဆောင်ရွက်မည်ဖြစ်ပါသည်။ 

 အဆိုပါစီမံကိန်းအား MAPCO ကုမ္ပဏီပိုင် ဆန်စက် ပေါင်းဆန်စက်နှင့်အနီးတ၀ိုက်ရှိ အခြားဆန်စက်များ၏ဘေးထွက် ပစ္စည်းဖြစ်သည့်ဖွဲနုဆီ အဖြစ် တန်ဖိုးမြှင့်တင်ထုတ်လုပ်မည်ဖြစ်ပြီး အခြားဆီထွက်သီးနှံများဖြစ်သော နေကြာ ပဲပုပ်တို့မှလည်း စားသုံးဆီထုတ်လုပ်နိုင်မည်ဖြစ်ပါသည်။ ဖွဲနုဆီနှင့် စားသုံးဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကို အဆင့် မြင့်နည်းပညာများ ခေတ်မှီစက်ကရိယာများဖြင့် လုပ်ကိုင်ထုတ်လုပ်ကာ ဒေသတွင်း စားသုံးဆီဖူလုံရေးနှင့် သွင်းကုန် အစားထိုး ရေးအတွက် အဓိက ရည်ရွယ်ခြင်းဖြစ်ပါသည်။ MRBO အနေဖြင့်အန္ဒိယနိုင်ငံမှစက်ပစ္စည်းများနှင့် Solvent Extraction နည်းပညာ အားအသုံးပြုသွားမည်ဖြစ်ပြီး တန် (၂၀၀) ဆီကြမ်းစက်ရုံ နှင် တန် (၅၀) ဆီချောစက်ရုံ တို့ကို တည်ဆောက်သွားမည် ဖြစ်ပါသည် စက်ရုံ၏ တစ်နှစ်ထုပ်လုပ်မှု ပမာဏမှာ ဆီကြမ်း တန်(၉၀,၀၀) နှင်ံ ဆီချော (စားဆီ) တန် (၆,၃၀၀) ထုတ်လုပ် ရရှိနိုင်မည် ဖြစ်ပါသည်။

 စီမံကိန်းမှာထွက်ရှိလာမည့် ဆီကြမ်းများအား ဖွဲနုဆီချောထုတ်စက်ရုံအတွက် ပြန်လည်အသုံးပြုသွားမည်ဖြစ်ပြီး ဖွဲနုဆီကြမ်းထုတ်လုပ်ရာတွင် ထွက်ရှိလာသော ဘေးထွက်ပစ္စည်းဖြစ်သည့် ဆီထုတ်ပြီးဖွဲဖတ် (Defatted Bran) သည်လည်း တိရစ္ဆာန်အစာလုပ်ငန်းအတွက် အဓိက အထောက်အကူပြုနိုင်သော ကုန်ကြမ်းဖြစ်သည့်အတွက် အဆိုလုပ်ငန်းအတွက်လည်း တန်ဖို့မြှင့်ကုန်ကြမ်း အလွယ်တကူ ရရှိနိုင်မည်ဖြစ်ပါသည်။ ဆီချောစက်ရုံတွင် ထွက်ရှိလာမည့် အဆင့်မြင့် ဖွဲနုဆီ ၊ နေကြာဆီ၊ ပဲပုပ်ဆီ များအား ပြည်တွင်း စားသုံးဆီ စေ◌ျးကွက်သို့ ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ပြီး ပြည်တွင်းစားသုံးဆီလိုအပ်ချက်အား တဖက် တလမ်းမှ အထောက်အကူ ပြုနိုင်မည်ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရမှ ခွင့်ပြုပါက ပြည်ပတင်ပို့ရောင်းချနိုင်ရန်အတွက်လည်း စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Myanmar Rice Bran Oil Co., Ltd (MRBO)အနေဖြင့် အောက်ဖော်ပြပါ ခွင့်ပြုမိန့်များကို ရရှိထားပြီးဖြစ်ပါသည်။ 

(၁) ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်အား(၉.၃.၂၀၂၂) ရက်နေ့တွင် ရရှိထားပြီးဖြစ်ပါသည်။ 

(၂) စီးပွားရေးနှင့် ကူးသန်းရောင်းရေး၀န်ကြီးဌာန၏ သွင်းကုန်/ထုန်ကုန် လိုင်စင်အား (၁.၆.၂၀၂၃) ရက်စွဲဖြင့် ရရှိထားပြီးဖြစ်ပါသည်။ 

(၃) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ၏ (၅.၁.၂၀၂၄) ရက်နေ့အစည်း‌အဝေးဆုံးဖြတ်ချက်ဖြင့်MIC ခွင့်ပြုမိန့် (၂၆၁/၂၀၂၄) ကိုရရှိပြီးဖြစ်ပါသည်။

ရည်ရွယ်ချက်များ

ဖွဲနုဆီထုတ်လုပ်မှုလုပ်ငန်း ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 

(၁)ဆန်စပါးကြိတ်ခွဲသန့်စင်ထုတ်လုပ်မှုလုပ်ငန် ၏ ဘေးထွက်ပစ္စည်း ဖွဲနုမှ ဖွဲနုဆီကို တန်ဖိုးမြှင့်တင် ထုတ်ကုန်အဖြစ် ထုတ်လုပ်ရောင်းချနိုင်ရန်။

(၂) ပြည်တွင်းဈေးကွက်အတွက် စားသုံဆီဖူလုံမှုကို အထောက်အကူပြုနိုင်ရန်နှင့် နိုင်ငံတကာဈေးကွက်သို့ မြန်မာ လယ်ယာထွက်ကုန်အမယ်အသစ်ဖြစ်သည့် ဖွဲနုဆီ၊ဖွဲနုကြမ်းများကို တင်ပို့ရောင်းချနိုင်ရန်။ 

(၃) ဖွဲနုဆီထုတ်လုပ်မှုနည်းပညာဖြစ်သော Solvent Extraction Technology ကိုပိုမိုနားလည်သဘောပေါက်ပြီး၊ လက်တွေ့အသုံးချနိုင်ခြင်းဖြင့် ဖွဲနုသာမက အခြားသောဆီထွက်သီးနှံများဖြစ်သည့် နေကြာ၊ပဲပုပ် (Soya Bean) တို့မှ စားသုံးဆီများကို ပိုမိုတိုးချဲ့ ထုတ်လုပ်ဆောင်ရွက်နိုင်ရန်။

(၄) ဆန်စပါးတန်ဖိုးကွင်းဆက် (Rice Value Chain) စဉ် ဆက်မပြတ်ဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်မှုမှသည် ပြည်တွင်းတိရစ္ဆာန်အစာဈေးကွက်နှင့် မွေးမြူရေးလုပ်ငန်းများ၊နိုင်ငံတော် ၏ စားနပ်ရိက္ခာ ဖူလုံမှုလုပ်ငန်း စဉ်များကိုပါ တစ်တပ်တအား အကျိုးပြုနိုင်စေရန်။

(၅) ဖွဲနုဆီထုတ်လုပ်မှုလုပ်ငန်းကို အောင်မြင်အကျိုးရှိသော လုပ်ငန်းအဖြစ်ထူထောင်ပြီး အလုပ်အကိုင်ဖန်တီးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို အကျိုးပြုနိုင်စေရန်။

အကျိုးကျေးဇူးများ

အဆိုပါလုပ်ငန်းအား တည်ထောင်ဆောင်ရွက်ခြင်းအားဖြင့် အောက်ဖော်ပြပါအကျိုးကျေးဇူးများရရှိနိုင်မည် ဖြစ်ပါသည်။ 

(၁) မြန်မာနိုင်ငံ၏ ပထမဉီးဆုံးဖွဲနုဆီစက်ရုံကို နေပြည်တော် (ကောင်စီနယ်မြေ) တွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် စတင်ဆောင်ရွက်နိုင်ခြင်း၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) တွင် နိုင်ငံတကာအဆင်မီ စားသုံးဆီထုတ်လုပ်မှု ကဏ္ဍကို တိုးမြှင့်ဆောင်ရွက်နိုင်ခြင်း၊

(၂) လယ်ယာကဏ္ဍနှင့် ဆန်စပါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်ခြင်း၊

(၃) ဆန်စက်များမှထွက်ရှိလာသော ဘေးထွက်ပစ္စည်းဖွဲနုကို တတ်ဖိုးမြှင့် (Value Added)ထုတ်လုပ်နိုင်ခြင်း၊

(၄) ဒေသခံဆန်စက်လုပ်ငန်းရှင်များအတွက် ၀င်ငွေတိုးတက်ရရှိစေနိုင်ခြင်း၊

(၅) လုပ်ငန်းလည်ပတ်ခြင်းဖြင့် ထွက်ရှိလာမည့်ဆီထုတ်ပြီး ဖွဲဖတ် (Defatted Bran)သည်မွေးမြူရေးလုပ်ငန်းများအတွက် သာမာန်ဖွဲနုထက်ပို၍ ကြိုက်နှက်သက်မှုမြင့်မားခြင်းနှင့် အဓိကလိုအပ်ချက်ဖြစ်နေခြင်း၊

(၆) ဆီချောစက်ရုံမှ ထွက်ရှိလာမည့်ဖွဲနုဆီ (Edible Rice Bran Oil)သည် ကျန်းမာရေးအတွက် အလွန်ကောင်းမွန်ပြီး တန်ဖိုးမြင့် စားသုံးဆီကို ပြည်တွင်းစျေးကွက်တွင် ဖြန့်ဖြူးရောင်းချပေးနိုင်ခြင်း၊

(၇) နေပြည်တော် (ကောင်စီနယ်မြေ) ရှိဒေသခံများအား အလုပ်အကိုင်များဖန်တီးပေးနိုင်ခြင်း၊

(၈) စိုက်ပျိုးရေးအခြေခံစက်မှုလုပ်ငန်းဖွံ့ဖြိုးခြင်းနှင့်အတူ အရေအသွေးအဆင့်မီသည့် တန်းဖိုးမြှင့်ထွက်ကုန်များ ထုတ်လုပ်နိုင်ခြင်း၊

(၉) နိုင်ငံတော်အတွက် အခွန်အခများအား သတ်မှတ်ထားသော နှုန်းထားများအတိုင်း ကျေပွန်စွာပေးဆောင်နိုင်မည် ဖြစ်သဖြင့် နိုင်ငံတော် ၏ ဘဏ္ဍငွေတိုးတက်မှုအား အထောက်အကူပြုစေခြင်းနှင့်

(၁၀) နေပြည်တော် (ကောင်စီနယ်မြေ) ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ပါသည်။

ဖွဲနုဆီကြမ်း၊ဆီချော ထုတ်လုပ်မှုအဆင့်ဆင့်

ဖွဲနုဆီကြမ်းရရှိရန်အတွက် ကုန်ကြမ်း (ဖွဲနု) ကို ဓါတ်ပျံဆီ (Hexane)ဖြင့် ထုတ်လုပ်သည့်နည်းပညာ (Solvent Extraction Technology) ဖြင့် ထုတ်လုပ်ရရှိပြီး ထွက်ရှိလာသည့် ဖွဲနုဆီကြမ်း (Crude Oil) အား ဆီကြမ်းသန့်စင်ခြင်း စနစ် (Physical Refining System) ဖြင့် သန့်စင်ပြီးလျှင် ဖွဲနုစားဆီ (Rice Bran Oil) ထွက်ရှိလာမည် ဖြစ်ပါသည်။ 

ဖွဲနုဆီကြမ်း ထုတ်လုပ်ပုံ (Extraction Process)

MRBO Extraction Process 

ဖွဲနုဆီချော ထုတ်လုပ်ပုံ (Physical Refining Process)

MRBO Physical Refining Process 

MRBO Permit

Photos of MRBO Panat

BIGtheme.net Joomla 3.3 Templates

"MRBO