MTSH နှင့် MNTH တွင် ထည့်ဝင်ထားသော အစုရှယ်ယာများ ရောင်းချပြီးစီးကြောင်း ထုတ်ပြန်ခြင်း

  မြန်မာနိုင်ငံလယ်ယာစီးပွားအများပိုင်ကုမ္ပဏီလီမီတက်(MAPCO)သည် ၂၀၁၈-၂၀၁၉ ခုနှစ် ဒါရိုက်တာအဖွဲ့၏ ရှယ်ယာရှင်များသို့ အစီရင်ခံစာ (Annual Report)တွင် အောက်ပါတို့ကို ဦးစားပေးလုပ်ဆောင်မည်ဖြစ်ကြောင်း ထည့်သွင်း အစီရင်ခံခဲ့ပါသည်-

 (၁) အရင်းအနှီးတိုးတက်ရရှိရေး။

(၂) ဝင်ငွေတိုးတက်ရရှိရေး။

(၃) အသုံးစရိတ်များကို ယခုထက်ပို၍ စိစစ်သုံးစွဲရေး။

(၄) ဝင်ငွေရှာဖွေနိုင်ခြင်း မရှိသေးသော လုပ်ငန်းများနှင့် ကိုယ်တိုင်လုပ်ရန် ခက်ခဲသောလုပ်ငန်းမာျးကို အပြည့်အဝဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ထုခွဲရောင်းချရေး၊ ရရန်ရှိငွေများကို ငွေဖြင့်ဖြစ်စေ၊ ပစ္စည်းဖြင့်ဖြစ်စေ ကောက်ခံရရှိရေး။

(၅) ဘဏ်ချေးငွေများ ပြန်လည်ပေးဆပ်နိုင်ရေး နှင့် သက်သာသော အတိုးဖြင့် ချေးငွေရရှိရေး။

ဖော်ပြပါလုပ်ငန်းစဉ်များကို ၂၀၂၀ခုနှစ်အတွင်း Covid-19 မတိုင်မီ နှစ်ဆန်းပိုင်း နှင့် Covid-19 ကာလတစ်လျောက်တွင် ဒါရိုက်တာအဖွဲ့မှ ဦးစားပေး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ဆောင်ရွက်ရာတွင် Myanmar Thilawa SEZ Holdings Public Company Limited (MTSH) နှင့် Myanmar National Telecom Holdings Public Ltd (MNTH) တို့ရှိ MAPCO ၏ အစုရှယ်ယာများကို ဦးစားပေး၍ လွှဲပြောင်းရောင်းချရန်  ဒါရိုက်တာအဖွဲ့မှ ဆုံးဖြတ်ခဲ့ပါသည်။ ထိုသို့ရောင်းချရာတွင် အစုရှယ်ယာများကို အပြည့်အ၀၀ယ်ယူသူဖြစ်ရန် ၊ ဈေးကွက်ပေါက်ဈေးထက်ပို၍ ဈေးရရှိရန် ၊ စရန်ငွေကို ကြိုတင်ပေးချေထားရန်၊ ငွေပေးချေမှုကို အချိန်တိုအတွင်း ဆောင်ရွက်ပေးရန် စသည့်ဖြင့် စည်းကမ်းချက်များ သတ်မှတ်ခဲ့ပြီး ဒါရိုက်တာအဖွဲ့ဝင်များနှင့် အစုရှယ်ယာအများဆုံး ထည့်ဝင်ထားသူများကို ဦးစားပေး၍ အဆိုပြုကမ်းလှမ်းဖိတ်ခေါ်ခဲ့ပါသည်။ ထိုသို့ ကမ်းလှမ်းရာတွင် MTSH ၏ အစုရှယ်ယာများကို (တစ်စုလျှင် ၃၈၀၀ိ/-ကျပ်) ဈေးနှုန်းဖြင့် ဝယ်ယူရန် Eden Group နှင့် ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ပြီး MNTH ၏ အစုရှယ်ယာများကို (တစ်စုလျှင် မူရင်းဈေးအတိုင်း ၁၀၀၀၀ိ/-ကျပ်)ဈေးနှုန်းဖြင့် ဝယ်ယူရန် Myanmar Technology Gateway Company Limited နှင့် ညှိနှိုင်းသဘောတူညီမှုများ ရရှိခဲ့သဖြင့် ဒါရိုက်တာအဖွဲ့၏ သဘောတူဆုံးဖြတ်ချက်များဖြင့် အစုရှယ်ယာအရောင်းအဝယ်များကို ဖော်ပြပါ ကုမ္ပဏီ (၂) ခုနှင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ Eden Group ထံမှ အစုရှယ်ယာရောင်းရငွေ (၇.၄၀၄ ဘီလီယံကျပ်) နှင့် Myanmar Technology Gateway Company Limited ထံမှ အစုရှယ်ယာရောင်းရငွေ (၁.၀၈၆ ဘီလီယံကျပ်) ကို အသီးသီး လက်ခံထားပြီး ဖြစ်ကြောင်း အစီရင်ခံ တင်ပြအပ်ပါသည်။

 

                                                                                                                                        ဒါရိုက်တာအဖွဲ့

                                                                                                               မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီလီမိတက်

                                                                                                                          ၂၀၂၀ ပြည့်နှစ် ၊ ဇူလိုင်လ (၂၉) ရက်

BIGtheme.net Joomla 3.3 Templates
  • mapco_09092020_01
  • mapco_09092020_02
  • mapco_09092020_03
  • mapco_09092020_04
  • mapco_09092020_05
  • slider_001
  • slider_002
  • slider_003
  • slider_004
  • slider_005
  • slider_006
  • slider_007
  • slider_008
  • slider_009
  • slider_010