MAPCO နှစ်ပတ်လည် အထွေထွေအစည်းအဝေးဖိတ်ကြားခြင်း

၁။    မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကော်ပိုရေးရှင်းလီမိတက် (MAPCO)၏ နှစ်ပတ်လည် အထွေထွေအစည်းအဝေးကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် အစုရှယ်ယာရှင်များ ကြွရောက်ချီးမြင့်နိုင်ပါရန် ကြိုတင်အသိပေးဖိတ်ကြားအပ်ပါသည်။

                   နေ့ရက်          -            ၃၀.၁၂.၂၀၁၆ (သောကြာနေ့)

                   အချိန်           -             မွန်းလွှဲ (၁)နာရီ မှ (၃) နာရီ ထိ

                   နေ့ရာ           -             ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ပထမထပ် (မင်္ဂလာခန်းမ)၊ အမှတ် (၂၉) မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

၂။    အစည်းအဝေးဖိတ်စာ၊ လုပ်ငန်းအစီရင်ခံစာ၊ ဘဏ္ဍာရေးအစီရင်ခံတင်ပြစာများကို အစုရှယ်ယာများထံပေးပို့ သွားမည်ဖြစ်ပါသည်။ MAPCO ၏ website ဖြစ်သော www.mapco.com.mm တွင် ရယူကြည့်ရှုနိုင်ပါသည်။

၃။    အစည်းအဝေးသို့ အစုရှယ်ယာရှင်ကိုယ်တိုင် တက်ရောက်ရာတွင် ဖိတ်စာနှင့်အတူ ပေးပို့မည့် စိစစ်ရေးကတ်ပြားယူဆောင်လာ၍ ဖြစ်စေ ကိုယ်တိုင်မတက်ရောက်နိုင်ပါက စိစစ်ရေးကတ်ပြားကို ဖြည့်စွက် လက်မှတ်ရေးထိုးပြီး ကိုယ်စားလှယ်စေလွှတ်၍ဖြစ်စေ တက်ရောက်နိုင်ပါသည်။ အစည်းအဝေးဖိတ်စာနှင့်အတူ စိစစ်ရေးကတ်ပြားကို တစ်ပါတည်း ပူးတွဲပေးပို့လျှက် ရှိပါသည်။

၄။    အစည်းအဝေးတွင် မေးမြန်းအကြံပြုတင်ပြလိုပါက (၂၆.၁၂.၂၀၁၆) ရက်နေ့ နောက်ဆုံးထားပြီး MAPCO ရုံးချုပ် (သို့) This email address is being protected from spambots. You need JavaScript enabled to view it. သို့ စာဖြင့် ပေးပို့မေးမြန်းနိုင်ပါသည်။

၅။    သိရှိလိုသည်များကို MAPCO ရုံးချုပ်တည်ရှိရာ အမှတ်(၁၀၀)ဝါးတန်းလမ်းနှင့် ကမ်းနားလမ်း၊ ကွန်ကရစ် အမြန်လမ်းမကြီးဘေး၊ ဝါးတန်းဆိပ်ကမ်း၊ ဝါးတန်းဆိပ်ကမ်းနယ်မြေ၊ ရန်ကုန် (ဖုန်း -၀၉၄၂၁၁၃၅၀၅၂၊ ၀၁-၂၃၀၁၆၅၂-၅၃ ၊ ၀၁-၂၃၀၁၈၂၅-၆ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါကြောင်း နှင့် နေရာထိုင်ခင်းအဆင်ပြေစွာ ကြိုတင်စီစဉ်နိုင်ရန် အတွက် တက်ရောက်ကြမည့် ရှယ်ယာရှင် / ကိုယ်စားလှယ်၏ အမည်စာရင်းကို (၂၆.၁၂.၂၀၁၆) မွန်းလွ (၃း၀၀) နာရီ နောက်ဆုံးထား၍ အကြောင်းပြန်ကြားပေးပါရန် အသိပေး အကြောင်းကြားအပ်ပါသည်။

 

                                                                                                                                                                                                                                           ဒါရိုက်တာအဖွဲ့

                                                                                                                                                                                                                   မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကော်ပိုရေးရှင်းလီမိတက်

 

Source - မြန်မာ့အလင်း (တနင်္လာ၊ ဒီဇင်ဘာ ၁၉၊ ၂၀၁၆)

BIGtheme.net Joomla 3.3 Templates
  • mapco_09092020_01
  • mapco_09092020_02
  • mapco_09092020_03
  • mapco_09092020_04
  • mapco_09092020_05
  • slider_001
  • slider_002
  • slider_003
  • slider_004
  • slider_005
  • slider_006
  • slider_007
  • slider_008
  • slider_009
  • slider_010