MAPCO Golden Land Co., Ltd
MAPCO Group ၏ လက်အောက်ရှိ MAPCO Golden Land Company သည် တောင်သူ ဦးကြီးများ သီးနှံ၊ စပါးများ အမြင့်မားဆုံးသော အာဟာရဓာတ်ကို ပေးစွမ်းနိုင်ရန်၊ အထွက်နှုန်းမြင့်မားစေရန်နှင့် တောင်သူဦးကြီးများ အကျိုးအမြတ် တိုးပွားရရှိရန် နှင့် မြန်မာ့လယ်ယာစိုက်ပျိုးရေးကဏ္ဍ တိုးတက် ဖွံ့ဖြိုးမှုကို အထောက်အကူပြုရန် ဦးတည်ပြီး မြေသြဇာဖြန့်ဖြူးခြင်းလုပ်ငန်းကို ၂၀၂၂ခုနှစ်တွင် ပြည်ပမှအရည်သွေးမီ မြေသြဇာများတင်သွင်းပြီး ကင်ဇို (Kinzou)အမှတ်တံဆိပ်ဖြင့် ယူရီးယား နှင့် ကွန်ပေါင်း မြေသြဇာများကို ပြည်တွင်း စျေးကွက်သို့ စတင် ဖြန့်ဖြူးခဲ့ပါသည်။
တောင်သူဦးကြီးများ စိုက်ပျိုးရေးအခက်အခဲရှိပါက စိုက်ပျိုးရေးပညာရှင်များမှ အကြံပေးခြင်း ၊ စိုက်ပျိုးမြေပြုပြင်ခြင်းနှင့် မြေဆီသုံးစွဲသည့် အကြံပေးလမ်းညွှန်ချက်များ ကိုလည်းမျှဝေပေး လျက် ရှိပါသည်။ တောင်သူများ သို့တိုက်ရိုက်ရောင်း ချခြင်း ၊ ကန်ထရိုက်လယ်ယာ လုပ်ငန်းစနစ်ဖြင့် ရောင်း ချခြင်း၊ လက်လီစိုက်ပျိုးရေးအရောင်းဆိုင်များ မှ တဆင့်ရောင်းချခြင်းစသည့် Sale Channel များဖြင့် ရောင်းချလျှက်ရှိပါသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ နေပြည်တော် ကောင်စီ နယ်မြေများတွင် တွင်ကျယ်စွာ ဖြန့်ဖြူးလျက်ရှိပြီး ၊ ရှမ်းပြည်နယ် ၊ ပဲခူးတိုင်းဒေသကြီးနှင့်မကွေးတိုင်း ဒေသကြီးတို့တွင် စတင်ဖြန့်ဖြူးလျက်ရှိပြီး ၊ မြန်မာနိုင်ငံမြေသြဇာစျေးကွက်၏ ၁၀ % ကို ၂၀၂၅ ခုနှစ် ရရှိရန်ရည်မှန်းထားပါသည်။
| Company Name | MAPCO Goldenland Co.,Ltd |
| Shareholding | MAPCO 100% |
| Established Date | 30.1.2014 |
| Incorporation Certificate No: | 5149 (2013-2014) |
| Business Specialization | Construction & Trading |
| Person in Charge | U Ye Min Aung |
| Designation | Director |
| Contact Detail | (+95-1) 2301652~53, 2301825~6 |




