MAPCO Green Initiative - 2020 စတင်ဆောင်ရွက်နေခြင်း

  MAPCO အနေဖြင့် ကမ္ဘာကုလသမဂ္ဂ UN Global Compact အဖွဲ့ဝင်ဖြစ်၍ ၂၀၁၇ မှ စတင်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များကို ကုမ္ပဏီလုပ်ငန်းဆောင်ရွက်မှု မူဝါဒများတွင် ထည့်သွင်းအကာင်အထည်ဖော်ရမည့်ဖြစ်ရာ ရုံးလုပ်ငန်းများတွင် တတ်နိုင်သမျှ စာရွက်စာတမ်း (စက္ကူ) အသုံးပြုမှု လျော့ချခြင်း၊ စက်ရုံအလုပ်ရုံများတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေရေး အစီအမံများနှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး အစီအစဉ်များကို ဦးစားပေးထည့်သွင်းခြင်းဖြင့် MAPCO's Green Initiative - 2020 ကို အကောင်အထည်ဖော်နေပြီဖြစ်ပါသည်။

  စက္ကူအသုံးပြုမှု လျှော့ချရေးအစီအစဉ်ကြောင့် Newsletter များ ထုတ်ဝေမှုအပြင် ရုံးလုပ်ငန်းတွင် ပုံနှိပ်ထုတ်ဝေမှုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်တော့မည် မဟုတ်ဘဲ Website တွင်သာ Announcement / News ကဏ္ဍတွင် ထည့်သွင်းထုတ်ပြန် စီစဉ်သွားမည်ဖြစ်ပါသည်။ MAPCO's Green Initiative - 2020 ဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်သာမက အသုံးစရိတ်များကိုပါ ချွေတာလျော့ချနိုင်မည်ဖြစ်ပါသည်။

BIGtheme.net Joomla 3.3 Templates
  • slider_001
  • slider_002
  • slider_003
  • slider_004
  • slider_005
  • slider_006
  • slider_007
  • slider_008
  • slider_009
  • slider_010