2017 AGM ကျင်းပပြုလုပ်ခြင်း(Release No: 28/ 2018)

မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကော်ပိုရေးရှင်းလီမိတက် ၏ စတုထ္တအကြိမ် နှစ်ပတ်လည် အထွေထွေ အစည်းအဝေးကို (၃၀ .၁၂. ၂၀၁၇) ရက်နေ့ UMFCCI မင်္ဂလာခန်းမ တွင် ကျင်းပ ပြုလုပ်ခဲ့ ပါသည်။ အခမ်းအနားတွင် -

(၁) လုပ်ငန်းအစီရင်ခံစာတွင် ဖော်ပြထားသော လုပ်ငန်းများနှင့် ပတ်သက်၍ အမှုဆောင်ဒါရိုက်တာ များမှ ရှင်းလင်းတင်ပြခြင်း၊ MAPCO မှ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား တင်ပြခြင်း။
(၂) မြန်မာ့ဆန်စပါးသမိုင်းတွင် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၏ ဦးဆောင်မှုဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် နှစ်ပေါင်းငါးဆယ် အတွင်း အမြင့်မားဆုံး ဆန်တန်ချိန် နှစ်သန်းခွဲကျော် ပြည်ပသို့  တင်ပို့ နိုင်ခဲ့ခြင်းအတွက် မှတ်တမ်းတင် Video Clip ပြသခြင်း။
(၃) ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာနှင့် စာရင်းစစ်ပြီး ငွေစာရင်းရှင်းတမ်းများအား အုပ်ချုပ်မှု ဒါရိုက်တာ မှ ဖတ်ကြားတင်ပြခြင်း နှင့် အတည်ပြုချက်ရယူခြင်း၊ သင်းဖွဲ့ မှတ်တမ်း၊ စည်းမျဉ်း အပိုဒ် ၁၀၃ ပြင်ဆင်ခြင်းအား အတည်ပြုချက်ရယူခြင်း။
(၄) ကြိုတင်ပေးပို့ထားသောမေးခွန်းများအား ဖြေကြားခြင်း။
(၅) ဒါရိုက်တာအဖွဲ့နုတ်ထွက်ကြောင်း ကြေညာခြင်း နှင့် ၂၀၁၇-၂၀၁၈အတွက် ရွေးချယ် တင်မြှောက်သော ဒါရိုက်တာအဖွဲ့သစ်၏ အမည်စာရင်း တင်ပြအတည်ပြုချက်ရယူခြင်း။

တို့ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ Shareholders' Day အား ၁၇.၁.၂၀၁၈ ၊ ၂၄.၁.၂၀၁၈ နှင့် ၃၁.၁.၂၀၁၇ ရက်များတွင် MAPCO(ရုံးချုပ်)၌ ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း နှင့် အဆိုပါနေ့တွင် အစုရှယ်ယာရှင်များ တက်ရောက်ပြီး ထပ်မံသိရှိလိုသည်များကို မေးမြန်းခြင်း၊ အကြံပြုခြင်း တို့ကို ပြုလုပ်နိုင်ပါကြောင်း လေးစားစွာ ထုတ်ပြန်ကြေညာအပ်ပါသည်။

 

BIGtheme.net Joomla 3.3 Templates
  • slider_001
  • slider_002
  • slider_003
  • slider_004
  • slider_005
  • slider_006
  • slider_007
  • slider_008
  • slider_009
  • slider_010