MAPCO-MRF-CITIC သုံးပွင့်ဆိုင် MOU လက်မှတ်ရေးထိုးခြင်း(Release No;21/2017)

 တရုတ်နိုင်ငံ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဖြစ်သည့် CITIC Construction Group ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (Myanmar Rice Federation -MRF)နှင့်  မြန်မာနိုင်ငံ လယ်ယာစီးပွားရေးအများပိုင်ကော်ပိုရေးရှင်းလီမိတက် (MAPCO) တို့ သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မည့် MoU လက်မှတ်ရေးထိုးခြင်း အခမ်းအနား အား (၂၁.၇.၂၀၁၇)တွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

  မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍ နှင့် ဆန်စပါးလုပ်ငန်းကဏ္ဍ ဖွံဖြိုးရေးအတွက် လိုအပ်သော ရင်းနှီးမြုပ်နှံမှုများ စီးဝင်ရရှိရန်၊ တောင်သူလယ်သမားများအား ၀န်ဆောင်မှုပေးသည့် စက်မှုလယ်ယာဝန်ဆောင်မှုလုပ်ငန်း နှင့် သိုလှောင်မှုအခြောက်ခံမှု စသော ၀န်ဆောင်မှုလုပ်ငန်းများကို ပြည်နယ်/တိုင်းဒေသကြီး (၁၀)ခုရှိ မြို့နယ် (၃၃)မြို့နယ်တွင် ဆောင်ရွက်ရန်အတွက် ရည်ရွယ်၍ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါသည်။

 MOU ရေးထိုးပြီးပါက ဖော်ပြပါလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နေရာ (၃၃)နေရာတွင် ဖြစ်မြောက်နိုင်စွမ်းလေ့လာမှု (Feasibility Study) ဆောင်ရွက်ခြင်း၊ ရင်းနှီးမြှုပ်နှံ မှုနှင့် စီးပွားရေးလုပ်ငန်းအပေါ် ဆန်းစစ်တွက်ချက်မှု (Economic Assessment) များကို (၄)လအတွင်း ပြီးစီးအောင် ဆောင်ရွက်ပြီး တွေ့ရှိချက်များအပေါ် အခြေခံ၍ ရင်းနှီးမြှုပ်နှံ မှုများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)သို့ တင်ပြဆောင်ရွက်သွားမည် ဖြစ်ပါသည်။

  ယခုစီစဉ်ဆောင်ရွက်မှုဖြင့် ပုဂ္ဂလိက ရင်းနှီးမြုပ်နှံသူများအား နည်းပညာ နှင့် ငွေကြေးအကူအညီရရှိစေရန်၊ နိုင်ငံတကာဈေးကွက်ဝေစု ပိုမိုရရှိစေရန် နှင့် လယ်ယာပို့ကုန်များ တန်ဖိုးမြှင့် ထုတ်လုပ်နီုင်ပြီး ကုန်သွယ်မှုတိုးမြှင့်စေရန်အတွက် အကျိုးပြုနိုင်မည်ဟု မျှော်လင့်ထားပါသည်။

 

 

BIGtheme.net Joomla 3.3 Templates
  • slider_001
  • slider_002
  • slider_003
  • slider_004
  • slider_005
  • slider_006
  • slider_007
  • slider_008
  • slider_009
  • slider_010