MAPCO Golden Lace ခေတ်မီဆန်စက် ဖွင့်လှစ်ခြင်းအခမ်းအနား

      MAPCO GOLDEN LACE ကုမ္ပဏီ၏ ဧရာဝတီတိုင်းဒေသကြီး ၊ ကျိုက်လတ်မြို့တွင် တည်ရှိသော Integrated Rice Complex Project (IRCP)ဖွင့်ပွဲ အခမ်းအနား ကို၂၀၁၇ ခုနှစ်မေလ(၁၅)ရက် နံနက် (၉း၃၀)အချိန် တွင် ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမြင့်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမန်းဂျော်နီ နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနှင့်နိုင်ငံတကာမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုအဆင့် ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများ၊ MAPCO ဥက္ကဌ ဦးချစ်ခိုင် ၊ ဒါရိုက်တာအဖွဲ့ဝင်များနှင့်အစုရှယ်ယာရှင်များ ၊ ဖျာပုံခရိုင်အတွင်းရှိ တောင်သူလယ်သမားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ခဲ့ကြပါသည်။

    အခမ်းအနားတွင်  ခေတ်မီဆန်စက်၊သိုလှောင်ရုံ၊ Silo များ နှင့် စပါးခွံမှ လျှပ်စစ်ဓာတ်အား (၂.၂)မဂ္ဂါဝပ် ထုတ်လုပ်ရေးစက်ရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ စက်ရုံအတွင်း လှည့်လည် ကြည့်ရှုခြင်း၊ နိုင်ငံတော်ဒုတိယသမ္မတ ဦးဟင်နရိဗန်ထီးယူ ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တို့မှ အသီးသီး အဖွင့်အမှာစကားပြောကြားခြင်း၊ MAPCO ဥက္ကဌ ဦးချစ်ခိုင် နှင့် Lucky Export Co.Ltd မှ Managing Director တို့မှ ရှင်းလင်းတင်ပြခြင်း၊ ဖွဲနုဆီထုတ်လုပ်ခြင်း နှင့် တင်ပို့ရောင်းချခြင်းအတွက် အကျိုးတူပူးပေါင်းရန် MAPCO မန်နေဂျင်းဒါရိုက်တာ ဦးရဲမင်းအောင် နှင့် Fukuoka Seiyu Co.,Ltd ဥက္ကဌ Mr. Katsuyasu Aoyagi တို့မှ MOU လက်မှတ်ရေးထိုးခြင်း၊ အကျိုးတူကန်ထရိုက်လယ်ယာစနစ်အရ ဆောင်ရွက်မည့် စိုက်ပျိုးစရိတ်ချေးငွေ၊ မျိုး၊ သွင်းအား စုများကို ကျေးရွာတောင်သူအစုအဖွဲ့ ခေါင်းဆောင်များထံသို့ ပေးအပ်ခြင်း၊ ဒေသခံတောင်သူ ကိုယ်စားလှယ် (၃)ဦး တို့မှ ကျေးဇူးတင်စကား/ အကြံပြုစကား ပြောကြားခြင်း၊ ဆန်စက်ဖွင့်လှစ်ခြင်းအထိမ်းအမှတ် လက်ဆောင်ပေးအပ်ခြင်း နှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမန်းဂျော်နီ မှ ကျေးဇူးတင်စကား နှင့် နိဂုံးချုပ်စကားပြောအပ်ပြီး အခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။

    IRCP ၏ ပထမအဆင့်အနေဖြင့် တန်(၂၄၀)ဆန်စက်၊ တန်(၂၀၀)ပေါင်းဆန်စက်၊ တန်(၅၀၀) Silo (၄)လုံး၊အခြောက်ခံစက်များ ဘွိုင်လာ တာဘိုင်/ရေနွေးငွေ့စနစ်အခြေခံပြီး ၂.၂ မဂ္ဂါဝပ် လျှပ်စစ်ထုတ်စက်စသော လုပ်ငန်းများကိုဆောင်ရွက်မည်ဖြစ်ပြီး ဒုတိယအဆင့်အနေဖြင့် ဖွဲနုဆီစက်၊ တိရိစ္ဆာန်အစားအစာစက်များ၊ ဆန်မှုန့်နှင့် ဆန်ခေါက်ဆွဲ/ ဆန်ကြာဇံထုတ်လုပ်ရေးစက်များကို ထပ်မံတိုးချဲ့ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ ထို့အပြင် ဖျာပုံခရိုင်အတွင်း တောင်သူလယ်သမားများနှင့် ပူးပေါင်းပြီး အကျိုးတူ ကန်ထရိုက်လယ်ယာစနစ် ကိုဆောင်ရွက်သွားမည်ဖြစ်ပါသည်။

BIGtheme.net Joomla 3.3 Templates
  • slide01
  • slide02
  • slide03
  • slide04
  • slide05
  • slide06
  • slide07
  • slide08
  • slide09
  • slide10