လယ်ယာသီးနှံများ ပြည်ပတင်ပို့မှုတိုးတက်ရန် MAPCO နှင့် ကိုးရီးယားကုမ္ပဏီတို့ ပူးပေါင်းမည်

   မြန်မာ့လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်း (MAPCO)က ဆန်စပါးနှင့် လယ်ယာသီးနှံများ ဈေးကွက်ဖွံဖြိုးရေးနှင့် ပြည်ပတင်ပို့မှုတိုးတက်ရေးအတွက် ကိုရီးယားနိုင်ငံအခြေစိုက် SK Net work ကုမ္ပဏီ နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း MAPCO ဥက္ကဌ ဦးချစ်ခိုင်က ပြောကြားသည်။

  ကုမ္ပဏီနှစ်ခု ပူးပေါင်းဆောင်ရွက်မှုအနေနဲ့ လယ်ယာလုပ်ငန်းခွင်သုံးကောက်စိုက်စက်၊ ထွန်စက်၊ သီးနှံအခြောက်ခံစက် ဝယ်ယူခြင်းများနှင့် အဆင့်မြင့်သိုလှောင်ရုံတည်ဆောက်ခြင်းလုပ်ငန်းများကို လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။ " ပူးပေါင်းဆောင်ရွက်မှု ပထမအဆင့်အနေနဲ့ အမေရိကန်ဒေါ်လာ သုံးသန်းကျော်တန်ဖိုးရှိတဲ့ သီးနှံအခြောက်ခံစက် (Dryer) အလုံး ၁၀၀ ဝယ်ယူပြီး တောင်သူတွေကို ဝန်ဆောင်မှုပေးသွားမှာပါ " ဟု ၎င်းကဆိုသည်။

  လက်ရှိအချိန်တွင် ရာသီဥတုဖောက်ပြန်ခြင်းကြောင့် ဆန်းစပါးနှင့်သီးနှံများ အစိုထိုင်းခြင်းများဖြစ်နေပြီး ပျက်စီးဆုံးရှုံးမှုမဖြစ်စေရန်အတွက် သီးနှံများအခြောက်ခံရန် လိုအပ်လျက်ရှိကြောင်း MAPCO ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းအောင်က ပြောကြားသည်။ " တောင်သူလယ်သမားတွေကတော့ ဒီစက်တွေကို သုံးတတ်မှာမဟုတ်သလို ဝယ်ပြီးရင်းနှီးဖို့လည်း မဖြစ်နိုင်တဲ့အတွက် ကျွန်တော်တို့ MAPCO ရဲ့ဆန်စက်တွေရှိတဲ့နေရာတွေမှာ ဝန်ဆောင်မှုအနေနဲ့ပေးသွားမှာပါ" ဟု ၎င်းကဆိုသည်။

  အဆိုပါ သီးနှံအခြောက်ခံစက်များကို ဝယ်ယူလိုသော ဆန်စက်လုပ်ငန်းရှင်များကို ဘဏ်နှင့်ချိတ်ဆက်ကာ အရစ်ကျဝယ်ယူနိုင်ရန်အတွက်လည်း စီစဉ်ဆောင်ရွက်ထားကြောင်း MAPCO ထံမှ သိရသည်။

Source - The Voice Daily (P9, Wednesday, October 26,2016)

BIGtheme.net Joomla 3.3 Templates
  • mapco_09092020_01
  • mapco_09092020_02
  • mapco_09092020_03
  • mapco_09092020_04
  • mapco_09092020_05
  • slider_001
  • slider_002
  • slider_003
  • slider_004
  • slider_005
  • slider_006
  • slider_007
  • slider_008
  • slider_009
  • slider_010