MAPCO က ဒုတိယအကြိမ် ရောင်းသော ရှယ်ယာများကိုပါ စတော့အိတ်ချိန်း၌ စာရင်းသွင်းမည်

ရန်ကုန်စတော့ အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီတစ်ခုဖြစ်သော မြန်မာ့လယ်ယာ စီးပွားရေး အများပိုင်ကော်ပိုရေးရှင်း (MAPCO)က ဒုတိယအကြိမ် ရောင်းချမည့် အစုရှယ်ယာတစ်သန်းခွဲကျော်ကို စတော့အိတ်ချိန်း၌  ရှယ်ယာ အရောင်းအဝယ် လုပ်ဆောင်မည့်အချိန်တွင် ယခုထုတ်ရောင်းနေသည့် အစုရှယ်ယာများကိုပါ အရောင်းအဝယ် လုပ်နိုင်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“အခု ရှယ်ယာတွေကို ကုမ္ပဏီက စတော့အိတ်ချိန်းဝင်ပြီးမှလည်း ရောင်းလိုရတယ်။ ဒါပေမဲ့အပြင်မှာရောင်းပြီး စတော့အိတ်ချိန်းမှာလည်း တစ်ခါတည်းပါသွားအောင် လုပ်တာပါ” ဟု ၎င်းကဆိုသည်။ ယင်းစတော့ ရှယ်ယာများ ထုတ်ရောင်းခြင်းမှာ သီလဝါအကွက် အမှတ်(၂၈)တွင် ဆိပ်ကမ်းနှင့် ဆိပ်ကမ်းဝန်ဆောင်မှု လုပ်ငန်းများ စတင်ဆောင်ရွက်ရန်၊ ဒေသအခြေပြု လယ်ယာစီးပွားရေးလုပ်ငန်းများ တိုးချဲ့ရန်၊ Mandalay Development Bank တွင် အစုရှယ်ယာထည့်ဝင်ရန်၊ တွံတေးမြို့နယ်တွင် ခေတ်မီဆန်စက်နှင့် သိုလှောင်ရုံများ တည်ဆောက်ရန်၊ သီလဝါတွင် ဓာတ်မြေသြဇာစက်ရုံဆောက်မည့် AFC ကုမ္ပဏီတွင် အစုရှယ်ယာ ထည့်ဝင်ရန်နှင့် လေးခုမြောက် ဆက်သွယ်ရေးအော်ပရေတာလိုင်စင်ရထားသော Myanmar National Telecom Holding Public ကုမ္ပဏီတွင် အစုရှယ်ယာထည့်ဝင်ရန်တို့အတွက် ဖြစ်ကြောင်း MAPCO ကုမ္ပဏီ ထံမှ သိရသည်။

ယခု ဒုတိယအကြိမ်ရောင်းချမည့်ရှယ်ယာများကို လက်ရှိရှယ်ယာပိုင်ရှင်များကို ဦးစားပေးသည့်အနေနှင့် ဇွန်လ ၁၀ ရက်နေ့မှ ဇူလိုင်လ ၅ ရက်နေ့အထိ ရှယ်ယာများဝယ်ယူခွင့်ပြုမည်ဖြစ်ပြီး ဇူလိုင်လ ၅ ရက်နေ့အထိ ရှယ်ယာရှင်အဟောင်းများ ဝယ်ယူခြင်းမရှိသည့် ရှယ်ယာများကိုသာ အများပြည်သူသို့ ထပ်မံရောင်းချ မည်ဖြစ်ကြောင်း MAPCO ထံမှ သိရသည်။
MAPCO ကုမ္ပဏီကို ၂၀၁၂ ခုနှစ် သြဂုတ်လတွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၆ခုနှစ် မတ်လကုန်အထိ အစုရှယ်ယာရှင်ပေါင်း ၁၄၄၄ ဦးရှိကာ ကျပ် ၁၆ ဒသမ ၄ ဘီလီယံ အထိ ရင်းနှီးမြုပ်နှံထားကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

Source – The Voice Daily Journal (Wed,June 15,2016)

BIGtheme.net Joomla 3.3 Templates
  • mapco_09092020_01
  • mapco_09092020_02
  • mapco_09092020_03
  • mapco_09092020_04
  • mapco_09092020_05
  • slider_001
  • slider_002
  • slider_003
  • slider_004
  • slider_005
  • slider_006
  • slider_007
  • slider_008
  • slider_009
  • slider_010