သီလဝါ အထူးစီးပွားရေးဇုန်တွင် ဂျာမနီ၊ ဂျပန် နှင့် မြန်မာတို့ ပူးပေါင်းပြီး ဓာတ်မြေသြဇာစက်ရုံ တည်ဆောက် ထုတ်လုပ်ရန်

BMMသီလဝါ အထူးစီးပွားရေးဇုန် အတွင်း ဂျာမနီအခြေစိုက် ကုမ္ပဏီ၊ ဂျပန်ကုမ္ပဏီ တစ်ခုနှင့် မြန်မာကုမ္ပဏီ တစ်ခု တို့ ပူးပေါင်းပြီး ဓာတ်မြေသြဇာ စက်ရုံ တည်ဆောက် လုပ်ကိုင်နိုင်ရန် အတွက် လာမည့် ဧပြီလဆန်းပိုင်း အတွင်း လက်မှတ်ရေးထိုး မည် ဖြစ်ကြောင်း မြန်မာ့ လယ်ယာ စီးပွားရေး အများပိုင်ကုမ္ပဏီ (MAPCO) မှ သိရှိရ သည်။

“ဂျပန်နိုင်ငံက MITSUI နဲ့၊ ဂျာမနီက Behn Meyer နဲ့ MAPCO တို့ ပေါင်းပြီးတော့ Agri First Company ဆိုပြီး ဖက်စပ်ကုမ္ပဏီ တစ်ခုထောင်ပြီးတော့ သီလဝါအထူးစီးပွားရေးဇုန်မှာ ဓာတ်မြေသြဇာစက်ရုံ တည်ထောင် ထုတ်လုပ် လုပ်ကိုင်ဖို့ ရှိပါတယ်။ ဒေါ်လာ ၁၀ သန်းလောက်မြုပ်နှံပြီး လုပ်ဖို့အတွက် သဘောတူညီထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဧပြီလဆန်းထဲမှာ သဘောတူညီချက် လက်မှတ်ရေးထိုးဖို့ရှိပါတယ်။ ၇ ရက်လောက်မှာပါ” ဟု MAPCO ၏ Managing Director ဦးရဲမင်းအောင် က ပြောကြားသည်။

အဆိုပါစက်ရုံအား ၂၀၁၇ခုနှစ်တွင် စတင်လည်ပတ်နိုင်ရန် ခန့်မှန်းထားပြီး စတင်လည်ပတ်ချိန်တွင် တစ်နှစ် တန်တစ်သိန်းဝန်းကျင်ဖြင့် စတင်ထုတ်လုပ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

“အဓိက ကတော့ ကျွန်တော်တို့ MAPCO အနေနဲ့က ဆန်စပါးထုတ်လုပ်မှု လုပ်ငန်းစဉ် လုပ်တယ်။ စက်မှုလယ်ယာလုပ်ငန်းစဉ် လုပ်တယ်။ ဒီလို လုပ်ငန်းစဉ်တွေ လုပ်သလိုပဲ တောင်သူလယ်သမားတွေ အတွက် လိုအပ်တဲ့ သွင်းအားစုလုပ်ငန်းတွေ တိုင်းပြည်မှာ လုံလုံလောက်လောက် မထုတ်နိုင်တဲ့အတွက် တရုတ်က တင်သွင်းတာတွေရှိတယ်။ ပင်လယ်ရပ်ခြား နိုင်ငံခြားက တင်သွင်းတာတွေ ရှိတယ်။ အခုလို တင်သွင်းတာတွေ က ဘာပဲပြောပြော ကျွန်တော်တို့တိုင်းပြည်မှာ မထုတ်လုပ်နိုင်တဲ့အတွက် အတော်ကြီး အားနည်းတဲ့အနေ အထား ရှိတယ်။ အခုကျွန်တော်တို့က ဒီကိစ္စကို ရင်းနှီးမြုပ်နှံမှု ဆောင်ရွက်ဖို့ VMMI ဆိုတဲ့ တကယ့် ဓာတ်မြေသြဇာမှာ နှစ်ပေါင်း ၁၀၀ ကျော်လောက် ထုတ်လုပ်လာတဲ့ တော်တော်ကို ကြီးတဲ့ ကုမ္ပဏီဖြစ်တယ်။ ထိုင်းတို့၊ အင်ဒိုနီးရှားတို့၊ ဗီယက်နမ်တို့၊ မလေးရှားတို့မှာ ဓာတ်မြေသြဇာစက်ရုံတွေ အများကြီးပဲ။ သူရဲ့ Quality ကလည်း အရမ်းကောင်းတယ်။ ဒီနှစ်ပေါင်း ၁၇၀ ကျော် သက်တမ်းရှိတဲ့ ကုမ္ပဏီက Behn Meyer ဆိုတာပါတယ်။ နောက် ကျွန်တော်တို့ရဲ့ မိတ်ဖက် ကုမ္ပဏီ Mitsui ပါတယ်။ နောက် ကျွန်တော်တို့ MAPCO ပါတယ်။ အဲဒါကြောင့် BMMM ဆိုပြီးတော့ သီလဝါ SEZ မှာ ရင်းနှီးမြုပ်နှံမှု ဆောင်ရွက်ဖို့ ဆိုပြီးတော့ အခုတည်ဆောက်ရေးလုပ်ငန်းတွေ စဖို့ ဆုံးဖြတ်ထားတယ်။ တည်ဆောက်ရေးလုပ်ငန်းတွေ ဒီနှစ်ထဲမှာ စမယ်။ ၂၀၁၇ ခုနှစ်မှာ စက်စလည်ပြီးတော့ ပြည်တွင်းမှာပဲ ဓာတ်မြေသြဇာ ထုတ်လုပ်မယ်” ဟု ဦးရဲမင်းအောင် က ပြောကြားသည်။

Source – EMG

BIGtheme.net Joomla 3.3 Templates
  • mapco_09092020_01
  • mapco_09092020_02
  • mapco_09092020_03
  • mapco_09092020_04
  • mapco_09092020_05
  • slider_001
  • slider_002
  • slider_003
  • slider_004
  • slider_005
  • slider_006
  • slider_007
  • slider_008
  • slider_009
  • slider_010