ထိုင်းလုပ်ငန်းများနဲ့ပူးပေါင်းပြီး တန်ဖိုးမြင့်သစ်သီးစက်ရုံတွေတည်ဆောင်သွားဖို့ MAPCO စီစဉ်နေ

ထိုင်းလုပ်ငန်းများနဲ့ပူးပေါင်းပြီး တန်ဖိုးမြင့်သစ်သီးစက်ရုံတွေတည်ဆောင်သွားဖို့ မြန်မာလယ်ယာစီးပွား အများပိုင်ကော်ပိုရေးရှင်း MAPCO စီစဉ်နေတယ်လို့ သိရပါတယ်။

ပြောင်းဖူး၊နာနတ်သီး၊အုန်းသီးတို့ကို တန်ဖိုးမြင့်ထုတ်လုပ်တဲ့စက်ရုံတွေကို ရန်ကုန်၊ဧရာဝတီ၊ရခိုင်၊တနင်္သာရီ နဲ့မွန် ပြည် နယ် တို့မှာ ထိုင်းလုပ်ငန်းများနဲ့အကျိုးတူပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး
MAPCO မှ ရှယ်ယာရာခိုင်နှုန်း ၄၀ ဝန်း ကျင်လောက်အထိ ရင်းနှီးမြုပ်နှံသွားဖို့ရှိတာလည်းဖြစ်ပါတယ်။

 လက်ရှိနေပြည်တော်ဆန်စက်ဝန်းအတွင်း တန်ဖိုးမြင့်ပြောင်းဖူးထုတ်ကုန်တွေထုတ်လုပ်တဲ့စက်ရုံးတည်ဆောင် နေပြီး နာနတ်သီးစက်ရုံကို တနင်္သာရီတိုင်းနဲ့ အုန်းသီးစက်ရုံကို ရန်ကုန်မှာ အကောင် အထည်ဖော်ဖို့ရှိနေတာ လည်းဖြစ်တယ်လို့ သိရပါတယ်။

ပြည်တွင်း စိုက်ပျိုးထုတ်လုပ်မှုမြင့်တဲ့ နာနတ်သီး စည်သွတ်ဘူး ထုတ်လုပ်ခြင်း၊ နာနတ်သီး ထုတ်လုပ်ခြင်း၊ အုန်းသီး တန်ဖိုးမြင့် ထုတ်ကုန်နဲ့ အုန်းရည် အဆင့်မြင့် ထုတ်လုပ်ခြင်း၊ ထိုအတူ ပြောင်းဖူးစည် သွတ်ဘူး ထုတ်တာတွေပါဝင် တယ်လို့ MAPCO တာဝန်ရှိသူတွေထံကသိရပါတယ်။

ထိုင်းနိုင်ငံအတွင်းက ရွှေပြောင်းလုပ်သားတွေ ပြည်တွင်းပြန်လည်ဝင်ရောက်ချိန်မှာ ယင်းစက်ရုံတွေအကောင်အ ထည်ဖော်ခြင်းဖြင့်လည်း အလုပ်ကိုင်အခွင့်အလမ်းတွေကို ရရှိစေမှာဖြစ်တယ်လို့ သိရပါတယ်။


Credit - SFJ Strategy First Journal

BIGtheme.net Joomla 3.3 Templates
  • mapco_09092020_01
  • mapco_09092020_02
  • mapco_09092020_03
  • mapco_09092020_04
  • mapco_09092020_05
  • slider_001
  • slider_002
  • slider_003
  • slider_004
  • slider_005
  • slider_006
  • slider_007
  • slider_008
  • slider_009
  • slider_010