ရခိုင်ဒေသတွင် ဒေသစား ဆန်ကြိတ်ခွဲရန် MAPCO က ဆန်စက်ငယ် သုံးစုံ ပို့ဆောင်ထားပြီး စက်တပ်ဆင်ရေးဆောင်ရွက်လျက်ရှိ

 ရခိုင်ဒေသတွင် ဒေသစားဆန်ကြိတ်ခွဲရန် မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကော်ပိုရေးရှင်း (MAPCO)က ဆန်စက်ငယ် သုံးစုံကို ပို့ဆောင်ထားပြီး စက်တပ်ဆင်ရေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

  MAPCO က ကူဘိုတာရိတ်သိမ်းခြွေလှေ့စက် ၁၀ စီး ပို့ပြီး လုပ်ငန်းများဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ လုပ်ငန်းလိုအပ်ချက်အရ နောက်ထပ် YANMAR ရိတ်သိမ်းခြွေလှေ့စက် ၁၀ စီး ထပ်မံ ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ရိတ်သိမ်းခြွေလှေ့စက်များဖြင့် ရိတ်သိမ်းသဖြင့် ရရှိလာသော စပါးအမြောက်အမြားကို အခြောက်ခံရန် အခြောက်ခံစက်များ လိုအပ်သဖြင့် SH1 2 DRYER သုံးလုံး ပို့ဆောင်ပြီးဖြစ်ကြောင်း နှင့် နောက်ထပ် သုံးလုံး ထပ်ပို့ရန်လည်း စီစဉ်နေပြီ ဖြစ်သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများရှိ ရိတ်သိမ်းခြွေလှေ့ပြီးသည့် စပါးများအား လိုအပ်ပါက ကော်မတီအဖွဲ့နှင့် ဈေးနှုန်းတစ်ခုသတ်မှတ်ကာ ဝယ်ယူရန် စီစဉ်ထားကြောင်း သိရသည်။

 "ဈေးနှုန်းတစ်ခု သတ်မှတ်ဝယ်ယူမယ်ဆိုတာမှာ ဘယ်ဈေးနှုန်းနဲ့ဝယ်မယ်ဆိုတာ တိတိကျကျမသိရသေးပါဘူး။ ဒါပေမဲ့ စပါးဈေးကို တောင်သူတွေ မနစ်နာတဲ့ဈေးနှုန်း နဲ့ ဝယ်ယူမှာပါ" ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ထိုပြင် ရိတ်သိမ်းပြီးစပါးများ သိုလှောင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ မှ ညှိနှိုင်းသိုလှောင်ခြင်းများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Source - Daily Eleven Newspaper (22.11.2017)

BIGtheme.net Joomla 3.3 Templates
  • mapco_09092020_01
  • mapco_09092020_02
  • mapco_09092020_03
  • mapco_09092020_04
  • mapco_09092020_05
  • slider_001
  • slider_002
  • slider_003
  • slider_004
  • slider_005
  • slider_006
  • slider_007
  • slider_008
  • slider_009
  • slider_010