ဒုတိယဝန်ကြီး ဦးလှကျော် လယ်ယာကဏ္ဍနှင့် ကျေးလက်ဒေသဖွံဖြိုးရေး ကွင်းဆင်းဆောင်ရွက်

 တောင်သူများဝင်ငွေတိုးတက်ရရှိစေရေးဆောင်ရွက်ရာတွင် ဈေးကွက်ဝင်ဈေးကောင်းရ သီးနှံများ ပြောင်းလဲစိုက်ပျိုးနိုင်ရေး နှင့် သီးနှံအရည်အသွေးတိုးတက်ကောင်းမွန်စေရေးတို့အတွက် နည်းပညာနှင့်အကြံဉာဏ်များ ပံ့ပိုးပေးရန် လိုအပ်ကြောင်း နိုဝင်ဘာ ၄ ရက် က ကွမ်းခြံကုန်းမြို့နယ် အမှတ် ၃၆ စက်မှုလယ်ယာ ရှေ့တန်းစခန်းစိုက်ကွင်း ရှင်းလင်းဆောင်တွင် ဒေသခံတောင်သူများ စိုက်ပျိုးရေးကုမ္ပဏီများမှ လုပ်ငန်းရှင်များ နှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ထည့်သွင်းပြောကြားသည်။

 တွေ့ဆုံဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးနှင့်အတူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းမင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံဖြိုး တိုးတက်ရေးဦးစီးဌာန နှင့် ဆည်မြောင်းနှင့် ရေအသုံးချစီမံခန့်ခွဲရေးဦးစီးဌာန တို့မှ ညွှန်ကြားရေးမှူးချုပ်များ နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ ဒေသခံတောင်သူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

 

  တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းမင်း နှင့် ညွှန်ကြားရေးမှူးချုပ်များက ဆောင်ရွက်ဆဲ ဒေသဖွံဖြိုးရေးလုပ်ငန်းစဉ် များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များကိုလည်းကောင်း၊ မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကော်ပိုရေးရှင်းလီမိတက် MAPCO မှ တာဝန်ရှိသူက စနစ်ကျ စက်မှုလယ်ယာမြေစနစ်ဖော်ထုတ်လုပ် ကိုင်နိုင်ရေး ဝန်ဆောင်ပေးနေမှုများ နှင့် အကျိုးတူကန်ထရိုက်လယ်ယာစနစ်အကော်အထည်ဖော်ဆောင်ရွက်နေမှုကို ဆွေးနွေးတင်ပြကြပြီး တောင်သူများ၏ မေးမြန်းမှုများကို တာဝန်ရှိသူ များက ဖြေကြား ရှင်းလင်းကြသည်။

 ဒုတိယဝန်ကြီး နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် MAPCO နှင့် တောင်သူများ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော ဆင်းသုခ၊ စပါးမျိုးစေ့ထုတ် စိုက်ကွင်း နှင့် တောင်သူပညာပေးစိုက်ကွင်း မိုးစပါးရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ဒုတိယဝန်ကြီး နှင့် အဖွဲ့သည် ကွမ်းခြံကုန်းရေထိန်းတံခါးသို့ ရောက်ရှိပြီး ရေတံခါးမှ စိုက်ပျိုးရေပေးဝေနေမှု အခြေအနေများ၊ လာဝတီကျေးရွာ နှင့် ရှမ်းစုကျေးရွာ တောင်သူများနှင့် MAPCO တို့ အကျိုးတူကန်ထရိုက်လယ်ယာစနစ်ဖြင့် ပူးပေါင်းဆောင်ရွက်သည့် ဧရာမင်း မျိုးသန့်မျိုးစေ့ထုတ် စိုက်ကွင်းကို ကြည့်ရှုခဲ့သည်။

 ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ကော့မှူးမြို့နယ် လက်ခိုက်ကျေးရွာတွင် မြန်မာ-ကိုရီးယား နှစ်နိုင်ငံ ချစ်ကြည်ရေးအစီအစဉ်အရ ပူးပေါင်းဆောင်ရွက်လျက်ရှိသော အွန်ဒုန်း စီမံကိန်းမှ ကျေးလတ် ပြည်သူများအတွက် သောက်ရေသန့်ရရှိရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာအတွင်း ကွန်ကရစ်လမ်းခင်းနိုင်ရေး နှင့် သောက်သုံးရေကန်တူးဖော်ရေး ဆွေးနွေးမှာကြားသည်။

 ယင်းနောက် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ကျိုက်ထော်(စံပြကျေးရွာ)ရှိ ကျိုက်ထော်(တောင်)ရေတံခါးမှ ကျေးရွာများသို့ ရေပေးဝေနေမှု၊ ကျိုက်ထော်ချောင်း ရေစီးရေလာကောင်းမွန်ရေး နှင့် တိမ်ကောမှု မရှိစေရေး ပြုပြင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

(Credit)

 

BIGtheme.net Joomla 3.3 Templates
  • mapco_09092020_01
  • mapco_09092020_02
  • mapco_09092020_03
  • mapco_09092020_04
  • mapco_09092020_05
  • slider_001
  • slider_002
  • slider_003
  • slider_004
  • slider_005
  • slider_006
  • slider_007
  • slider_008
  • slider_009
  • slider_010