ရန်ကုန်စတော့အိတ်ချိန်း (YSX)တွင် MAPCO အစုရှယ်ယာများ ရောင်းချရန် ပြင်ဆင်

    ရန်ကုန်စတော့အိတ်ချိန်း (YSX)တွင် မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကော်ပိုရေးရှင်းလီမိတက် (MAPCO)၏ အစုရှယ်ယာများ ကို ရောင်းချ ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း MAPCO မှ သိရသည်။ မကြာမီတွင် ရန်ကုန်စတော့အိတ်ချိန်း၏ Trading ပုံစံဖြစ်သည့် Scripless Electronic Trading System ဖြင့် အရောင်းအဝယ်ပြုလုပ်နိုင်ရန်အတွက် MAPCO အစုရှယ်ယာရှင်များ လက်ဝယ်ရှိ MAPCO Official Certificate များကို ပယ်ဖျက်ရမည်ဖြစ်ကြောင်း သိရသည်။

   လိုင်စင်ရငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီတစ်ခုဖြစ်သည့်အတွက် Myanmar Securities Exchange Center (MSEC) တွင် ငွေချေးသက်သေခံစာရင်း (Securities Account) ဖွင့်လှစ်ပေးသွားမည် ဖြစ်သည်။ MAPCO အစုရှယ်ယာရှင်များ၏ ငွေချေးသက်သေခံစာရင်းအတွင်းသို့ အစုရှယ်ယာရှင်များ၏ Primary Market တွင် ကနဦးဝယ်ယူမြုပ်နှံခဲ့သော အစုရှယ်ယာရှင်များနှင့် ထပ်မံဝယ်ယူမြုပ်နှံခဲ့သည့် Right Issue အစုရှယ်ယာများကို မူလပိုင်ဆိုင်သော အစုရှယ်ယာနှင့် ထပ်မံဝယ်ယူသည့် Rights Issue Shares မူလအချိုးအစားအတိုင်း စာရင်းပေးသွားမည်ဟု သိရသည်။

   ထို့ပြင် MAPCO အစုရှယ်ယာရှင်များ Securities Account ဖွင့်လှစ်ခြင်းကို သတ်မှတ်ထားသောရက်များတွင် ဖွင့်လှစ်နိင်ရေးအတွက် အသိပေးကြေညာသွား မည် ဖြစ်ကြောင်းနှင့် အစုရှယ်ယာရှင်များ ငွေချေးသက်သေခံ လက်မှတ်စာရင်း ဖွင့်လှစ်နိုင်ရေးအတွက် အစုရှယ်ယာရှင်များလက်ဝယ်ကိုင်ဆောင်ထားသည့် MAPCO Share Certificates၊ နိုင်ငံသားစိစစ်ရေးကတ်၊ အစုစပ်စာရင်းဖွင့်လှစ်ထားပါက အစုရှယ်ယာရှင်အားလုံး၏ နိုင်ငံသားစိစစ်ရေးကတ်များ၊ ဘဏ်စာအုပ်နှင့် ငွေစာရင်း နံပါတ်ပါရှိသော ဘဏ်စာအုပ်၊ ကုမ္ပဏီဖြစ်ပါက အခွင့်အာဏာပေးအပ်သော ပုဂ္ဂိုလ်နှင့် ယင်းပုဂ္ဂိုလ်၏ နိုင်ငံသားစိစစ်ရေးကတ်၊ ကုမ္ပဏီမှတ်ပုံတင်ကတ် နှင့် ဒါရိုက်တာအဖွဲ့ ၏အစည်းအဝေးမှတ်တမ်း စသည့်အထောက်အထားများကို ယူဆောင်လာရမည့်ဟု သိရသည်။

   ရန်ကုန်စတော့အိတ်ချိန်းတွင် အရောင်းအဝယ်ဖြစ်မှုအနေအထားကို လေ့လာကြည့်ပါက ရန်ကုန်စတော့အိတ်ချိန်း စတင်ဖွင့်လှစ်သည့် ၂၀၁၆ခုနှစ် (ပထမဆုံးနှ စ်အတွင်း စတော့အိတ်ချိန်းတွင် ရှယ်ယာအရောင်းအဝယ်ဖြစ်ပေါ်မှု ကျပ်ဘီလျံ ၇၀ ခန့်အထိ အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ပြီး ဒုတိယနှစ် စတင်သည့် ဇန်နဝါရီ ၂ ရက်တွင် FMI ၊ MTSH နှင့် MCB ရှယ်ယာများ ဈေးနှုန်းအနည်းငယ်စီ ပြန်လည်မြင့်တက်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းတွင် ဇန်နဝါရီ ၂ ရက် ဈေးကွက်ဖြစ်ပေါ် မှုအရ သိရသည်။

 

Source - စာမျက်နှာ ၆ (Daily Eleven 6.1.2017)

BIGtheme.net Joomla 3.3 Templates
  • mapco_09092020_01
  • mapco_09092020_02
  • mapco_09092020_03
  • mapco_09092020_04
  • mapco_09092020_05
  • slider_001
  • slider_002
  • slider_003
  • slider_004
  • slider_005
  • slider_006
  • slider_007
  • slider_008
  • slider_009
  • slider_010