ရှယ်ယာသစ်ထုတ်ရောင်းခြင်းကြောင့် စတော့အိတ်ချိန်းတွင် ငါးခုမြောက်ကုမ္ပဏီအဖြစ်သာ စာရင်းတင်မည်ဟု MAPCO ဆို

   စီးပွားရေးလုပ်ငန်းခြောက်ခုတွင် ရင်းနှီးမြုပ်နှံရန်အတွက် ရှယ်ယာရှင်ဟောင်းများကို ဦးစားပေးရောင်းချသော အစုရှယ်ယာများကို အများပြည်သူသို့ ထပ်မံရောင်းချရန် စီစဉ်နေခြင်းကြောင့် ရန်ကုန်စတော့အိတ်ချိန်းတွင် ငါးခုမြောက်ကုမ္ပဏီ အဖြစ်သာ စာရင်းတင်မည် ဖြစ်ကြောင်း မြန်မာ့လယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီ (MAPCO) ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းအောင် က ပြောကြားသည်။

  ယခင်က ရန်ကုန်စတော့အိတ်ချိန်းတွင် လေးခုမြောက်ကုမ္ပဏီအဖြစ် ရှယ်ယာအရောင်းအဝယ်လုပ်ဆောင်နိုင်ရန် စီစဉ်ထားသော်လည်း ယခုအခါရှယ်ယာသစ်များ အများပြည်သူသို့ ထုတ်ရောင်းပြီးချိန်မှသာ ရန်ကုန်စတော့အိတ်ချိန်းဝင်မည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။ " ကျွန်တော်တို့ ဈေးကွက်အနေအထား နည်းနည်းကြည့်နေတယ်။ ရှယ်ယာရှင်အဟောင်းတွေမဝယ်ဘဲ ကျန်တဲ့ရှယ်ယာတွေကို အများပြည်သူကို ထုတ်ရောင်းပြီးတာနဲ့ ရန်ကုန်စတော့အိတ်ချိန်းဝင်မယ်" ဟု ၎င်းကဆိုသည်။

  လက်ရှိအချိန်တွင် ရှယ်ယာရှင်အဟောင်းများကို ဦးစားပေးရောင်းချသော အစုရှယ်ယာများထဲမှ ရှယ်ယာရှင်အဟောင်းများ မဝယ်ယူဘဲ ကျန်ရှိသော အစုရှယ်ယာများကို အများပြည်သူသို့ရောင်းချရန် ငွေချေး သက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SECM) သို့ တင်ပြထားပြီး ခွင့်ပြုချက်စောင့်ဆိုင်းလျက် ရှိကြောင်း MAPCO ထံမှ သိရသည်။

  လတ်တလော  ရန်ကုန်စတော့အိတ်ချိန်းတွင် FMI ၊ မြန်မာသီလဝါ အထူးစီးပွားရေးဇုန် အများပိုင် (MTSH) နှင့် မြန်မာနိုင်ငံသားအများဘဏ်တို့က ရှယ်ယာအရောင်းအဝယ်လုပ်ဆောင်လျက် ရှိပြီး လေးခုမြောက် ကုမ္ပဏီအဖြစ် ပထမပုဂ္ဂလိကဘဏ်ကို စိစစ်လျက်ရှိသည်။

Source - The Voice Daily (P8, Friday, October 28, 2016)

BIGtheme.net Joomla 3.3 Templates
  • mapco_09092020_01
  • mapco_09092020_02
  • mapco_09092020_03
  • mapco_09092020_04
  • mapco_09092020_05
  • slider_001
  • slider_002
  • slider_003
  • slider_004
  • slider_005
  • slider_006
  • slider_007
  • slider_008
  • slider_009
  • slider_010